သူငယ်ချင်းကောင်း သူငယ်ချင်းကောင်းဆိုတာ သင်ဖြစ်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်သလို သင်ပိုင်ဆိုင်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဘဝရဲ့ အနှိမ့်အမြင့် အတက်အကျ တွေမှာ သူငယ်ချင်းကောင်းတွေက မရှိမဖြစ်လိုအပ်တဲ့ အထောက်အမပါ။ ပြိုလဲကျခါနီးအရာကို ကျားကန်ပြီး၊ ပြန်ထူပေးတဲ့သူနဲ့တူတဲ့ လူသားများလို့ ပြောရရင်ပိုတိကျလိမ့်မယ်။ ခုချိန်ထိ တွေ့ကြဆုံကြပြီး ခင်မင်ခဲ့ကြတဲ့ မိတ်ဆွေတွေ အများကြီးရယ်။ အဲ့ထဲမှာမှ အနှိမ့်အမြင့် အတက်အကျများကြား အတူတူဖြတ်သန်းခဲ့ကြတဲ့ မိတ်ဆွေကောင်းလို့ ဆိုသူတွေက လက်ချိုးရေလို့ ရတယ်ရယ်။ တဖက်မှာ ကျွန်မဟာလည်း လူတချို့အတွက်ဘဲ မိတ်ဆွေကောင်းအနေနဲ့ ရှိနိုင်ခဲ့တယ်။ဒါကြောင့် လူတိုင်းလူတိုင်းအတွက်တော့ ကျွန်မဟာ မိတ်ဆွေကာင်း ဖြစ်မနေနိုင်ဘူးဆိုတာ ကျွန်မ အမြဲလက်ခံထားတဲ့အရာပါ (ဒါပေမယ့် လူကောင်းအနေတော့ ရှိနိုင်တယ်၊ဖြစ်ရမယ်၊ ဒါကအခြေခံအချက်မဟုတ်လား)။ တချို့တွက် ကိုယ်ဟာ အံဝင်ခွင်ကျ ဖြစ်မနေတာလည်း ပါနိုင်သလို တချို့အတွက် ကိုယ်က energy match မဖြစ်ခဲ့တာလည်းပါမှာပေါ့။ ထားပါတော့ သူငယ်ချင်းကောင်း (သို့်)မိတ်ဆွေကောင်းကို ဘယ်လို နားလည်လဲလို့မေးရင် ကြိုးစားအားထုတ်နေတုန်းကာလမှာ တွန်းအာ...