ပထမဆုံးအလုပ်လုပ်ခဲ့တဲ့ အဖွဲ့စည်းကို ကျေးဇူးတင်စွာဖြင့် အမှတ်တရ

၇-၈ နှစ်ခန့် လုပ်ငန်းခွင်ထဲမှာသာကျင်လည်ပြီး မဟာတန်းတက်ဖို့ ကျောင်းဝင်းထဲ ပြန်ရောက်လာတော့ ပထမဆုံး အလုပ်ဝင်ခဲ့တုန်းက ခံစားချက်လိုမျိုးကို စိတ်ထဲခံစားရတယ်။ ဒါနဲ့ဘဲ စိတ်ထဲ ကိုယ့်ကို ပထမဆုံး အလုပ်ပေးခဲ့တဲ့ အဖွဲ့စည်းကို များစွာကျေးဇူးတင်မိတယ်။


ပထမဆုံးအလုပ်ဝင်ခဲ့တဲ့အလုပ်က နိုင်ငံတကာအဖွဲ့စည်းတစ်ခု ရဲ့အချိန်ပြည့်ဘာသာပြန် (full time translator) အနေနဲ့ပေါ့။ ပြန်တွေးကြည့်ရင် ကိုယ့်နဲ့မရင်းနှီးတဲ့ စကားလုံး တွေကြား ဘာသာပြန်ရတာ တော်တော်ကို ပင်ပန်းခဲ့ရတယ်ရယ်။ ကိုယ်တိုင် အတွေ့ကြုံမရှိတာကတစ်ကြောင်း အင်္ဂလိပ်လို ပြောနိုင်တယ်ဆိုပေမယ့်တခါတည်းနားထောင် စာစီရင်း တချိန်တည်း ဘာသာပြန်ရတာဟာ တော်တော် ပင်ပန်းစိတ်ဖိစီးရတယ်။ အမှားများလည်း လုပ်ခဲ့မိပေါ့။ ဒါပေမယ့် ကိုယ့်အထက်လူကြီးတွေကော အခြားစီနီယာ ဝန်ထမ်းတွေက လမ်းပြခဲ့ကြတယ်။ ဆူခံထိတဲ့ခါရှိသလို ချီးကျူးခံရတဲ့နေ့များကိုလည်း ချိုမြိန်ပျော်ရွှင်စွာဖြတ်သန်းခဲ့ရတဲ့နေ့များလည်း ရှိပေါ့။

ခုနေပြန်တွေးကြည့်ရင် အဲ့တုန်းက စနစ်တကျအလုပ်လုပ်တတ်အောင် နဲ့ ပြောဆိုဆက်သွယ်တတ်အောင် ဆုံးမခဲ့တာ သင်ပေးခဲ့ (တခါခါတော့ ဆူခံထိ) တာကြောင့် ကိုယ့်ဟာဒီနေရာ ကို တဖြည်းဖြည်းရောက်လာခဲ့တာပေါ့။ ကိုယ်ကြိုးစားတာ အထိုက်အလျောက် ပါပေမယ့် အတွေ့ကြုံမရှိတဲ့သူကို အလုပ်လုပ်ခွင့် ကြိုးစားခွင့် အမှားကနေပြန်သင်ယူခွင့်ပထမဆုံးပေးခဲ့၊ လက်တွဲခေါ်ခဲ့တာကိုကျေးဇူးတင်လျက်ပါ။

ပထမဆုံး အလုပ်လုပ်ခဲ့တဲ့နေ့ရက်တွေကလို ရင်ခုန်စိတ်
လှုပ်ရှားမှုနဲ့အတူ အခု မဟာတန်းစာသင်ခန်းဝမှာ မိမိကိုတွဲခေါ်သင်ပြပေးမယ့် ဆရာသမားများ၊မိတ်ဆွေများနဲ့ ကြုံဆုံဖို့မျှော်လင့်ရင်း မိမိပထမဆုံး အလုပ်လုပ်ခဲ့တဲ့ အဖွဲ့စည်းကို ကျေးဇူးတင်စွာဖြင့် အမှတ်တရ ရေးသားလိုက်ရပါတယ်။

မိမိရဲ့ပထမဆုံး အလုပ် အကြောင်းမျှဝေချင်သူများလည်း အောက်ကမှတ်ချက်မှာ မျှဝေပေးခဲ့ကြပါအုန်းရှင်။

ဘုံသျှီ (လေပြည်)
၉-သြဂုတ်လ-၂၀၂၄
#pannbytheriver

Picture from Google

Comments

Popular posts from this blog

အောင်မြင်မှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ။