Posts

အောင်မြင်မှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ။

Image
အောင်မြင်မှုကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ။ ဒီမေးခွန်းက ပညာသင်ဆုလျှောက်တဲ့ခါ ကျွန်မကိုမေးခဲ့တဲ့ မေးခွန်းတွေထဲက စိတ်ထဲစွဲကျန်နေစေခဲ့တဲ့ မေးခွန်း၂-၃ ခုထဲက တစ်ခုပါ။ "အောင်မြင်မှုကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲ" ဒီမေးခွန်းမေးတာနဲ့ ကျွန်မမှာဖြေဖို့ရာ ချက်ချင်းထွက်မလာခဲ့ဘူး။ အောင်မြင်မှုကို အဓိပ္ပါယ်ဖွင့်ဖို့ဆိုရင် ကျွန်မ စာတစ်ကြောင်းနဲ့ မပြောတတ်ဘူးလို့ အရင်ပြောလိုက်တယ်(ပွင့်ပွင့်လင်းလင်းပေါ့)။ ငယ်ငယ်ကတော့ အဆင့်ကောင်းရင်(သို့) အမှတ်ပြည့်ရရင် အောင်မြင်တယ်လို့ခံစားရတယ်၊သူများထက် သာလို့ဆိုတာထက် အမေအဖေ ပျော်လို့၊အိမ်သူအိမ်သား၊မိသားစုတွေပျော်ရွှင်ပြီး ခေါက်ဆွဲ၊မုန့် တူတူလုပ်စားကြတော့ အဲ့လိုအချိန်လေးတွေ ကိုယ့်ကြောင့်ရတယ်ဆိုပြီး ခံစားရလို့ဂုဏ်ယူပျော်ရွှင်ရလို့။ ဒါပေမယ့် တက္ကသိုလ်ရောက်တော့ အဲ့လိုမဟုတ်တော့ဘူး (အမှတ်ကလည်း မကောင်းတော့ဘူးလေ-ဒါလည်း အမှန်တိုင်းဝန်ခံတာ)။ အဲ့တုန်းက ကျွန်မရဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံကျတော့ ကျွန်မရခဲ့ဖူးတဲ့ အတွေ့အကြုံ (အဓိကတော့ ပြိုင်ပွဲအတွေ့ကြုံ) တွေဝေမျှပေးလိုက်လို့ တခြားသူအတွက် အထောက်ကူဖြစ်ပြီး သူတို့အောင်မြင်မှုရရင် ကိုယ်ပါအောင်မြင်တယ်လို့ခံစားရတယ်လို့။ကိုယ်ကြည့်ခဲ့တဲ...
Image
သူငယ်ချင်းကောင်း သူငယ်ချင်းကောင်းဆိုတာ သင်ဖြစ်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်သလို သင်ပိုင်ဆိုင်နိုင်တဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဘဝရဲ့ အနှိမ့်အမြင့် အတက်အကျ တွေမှာ သူငယ်ချင်းကောင်းတွေက မရှိမဖြစ်လိုအပ်တဲ့ အထောက်အမပါ။ ပြိုလဲကျခါနီးအရာကို ကျားကန်ပြီး၊ ပြန်ထူပေးတဲ့သူနဲ့တူတဲ့ လူသားများလို့ ပြောရရင်ပိုတိကျလိမ့်မယ်။ ခုချိန်ထိ တွေ့ကြဆုံကြပြီး ခင်မင်ခဲ့ကြတဲ့ မိတ်ဆွေတွေ အများကြီးရယ်။ အဲ့ထဲမှာမှ အနှိမ့်အမြင့် အတက်အကျများကြား အတူတူဖြတ်သန်းခဲ့ကြတဲ့ မိတ်ဆွေကောင်းလို့ ဆိုသူတွေက လက်ချိုးရေလို့ ရတယ်ရယ်။  တဖက်မှာ ကျွန်မဟာလည်း လူတချို့အတွက်ဘဲ မိတ်ဆွေကောင်းအနေနဲ့ ရှိနိုင်ခဲ့တယ်။ဒါကြောင့် လူတိုင်းလူတိုင်းအတွက်တော့ ကျွန်မဟာ မိတ်ဆွေကာင်း ဖြစ်မနေနိုင်ဘူးဆိုတာ ကျွန်မ အမြဲလက်ခံထားတဲ့အရာပါ (ဒါပေမယ့် လူကောင်းအနေတော့ ရှိနိုင်တယ်၊ဖြစ်ရမယ်၊ ဒါကအခြေခံအချက်မဟုတ်လား)။ တချို့တွက် ကိုယ်ဟာ အံဝင်ခွင်ကျ ဖြစ်မနေတာလည်း ပါနိုင်သလို တချို့အတွက် ကိုယ်က energy match မဖြစ်ခဲ့တာလည်းပါမှာပေါ့။ ထားပါတော့ သူငယ်ချင်းကောင်း (သို့်)မိတ်ဆွေကောင်းကို ဘယ်လို နားလည်လဲလို့မေးရင် ကြိုးစားအားထုတ်နေတုန်းကာလမှာ တွန်းအာ...
Image
  အစတွေကိုဘယ်တော့မှမမေ့ဖို့ “အစတွေကို ဘယ်တော့မှ မမေ့ဘူးလို့ကတိပေးပါတယ်” ဆိုတာ ခုတလော အရမ်းခေတ်စားနေတော့ ဒီဟာနဲ့ဆက်စပ်တာလေး အနည်းငယ်မျှဝေချင်တယ်။ အစတွေကို ဘယ်တော့မှ မမေ့ခြင်းဟာ လူနှစ်ယောက် ဆက်ဆံရေးမှ မဟုတ်ဘူး၊ လူတိုင်းဘဝမှာ ရှိကိုရှိရမယ့်အရာလို့ကျွန်မက ယုံကြည်ပါတယ်။ ဉပမာ-ဘာကြောင့် ဒီအလုပ်ကို ရွေးချယ်ပြီး စလုပ်ခဲ့တယ်ဆိုတာမှတ်မိနေမှ ခက်ခဲလည်း ကျော်ဖြတ်ဖို့ရာ အားအင်ရှိမှာဖြစ်သလို၊ ဘယ်လိုစတင် ရုန်းကန် ပြီး ဒီနေရာကိုရောက်လာရတယ်ဆိုတာကို သတိရနေမှ အောင်မြင်လာတဲ့တနေ့မှာ အောက်ခြေမလွှတ်ဘဲ တခြားလူတွေကိုပါ တွဲခေါ်တတ်တဲ့သူဖြစ်လာမှာအမှန်ပါဘဲ။ ကိုယ်တိုင်လည်း ဒီတလော အလုပ်များ၊ ကိုယ်လေ့လာချင်တာလေးပါလေ့လာနေတော့ တော်တော်လေး စိတ်ဖိစီးလာရတယ်။အင်တာနက်ကမရ အွန်လိုင်းသင်တန်းကလည်း တက်ရ၊ အလုပ်ကလည်းတဖက်ဆိုတော့ စိတ်ဖိစီးမှုတရိပ်ရိပ်ပိုတက်လာတယ်လို့ပြောရင်ပိုတိကျမှာပေါ့။ ဒါနဲ့ “ငါဘာကြောင့် ဒီလောက်တောင် ရုန်းကန်ချင်ရတာလည်း” ဆိုတာတွေးတဲ့ချိန်၊ အစ တွေကိုသတိရလာတယ်။ ဒီအလုပ်ကို ဘယ်လို စိတ်သဘောထားနဲ့ ရွေးခဲ့တယ်၊ ဘာကြောင့် ဒီသင်တန်းကို တက်နေရတယ်ဆို တာ ကို သေချာပြန်တွေးခဲ့တယ်။ အစတွေကိုလေ။ ဒီလိုနဲ့ဘဲ အလုပ်ကိုလည်းပိုကောင်း...
Image
  ပထမဆုံးအလုပ်လုပ်ခဲ့တဲ့ အဖွဲ့စည်းကို ကျေးဇူးတင်စွာဖြင့် အမှတ်တရ ၇-၈ နှစ်ခန့် လုပ်ငန်းခွင်ထဲမှာသာကျင်လည်ပြီး မဟာတန်းတက်ဖို့ ကျောင်းဝင်းထဲ ပြန်ရောက်လာတော့ ပထမဆုံး အလုပ်ဝင်ခဲ့တုန်းက ခံစားချက်လိုမျိုးကို စိတ်ထဲခံစားရတယ်။ ဒါနဲ့ဘဲ စိတ်ထဲ ကိုယ့်ကို ပထမဆုံး အလုပ်ပေးခဲ့တဲ့ အဖွဲ့စည်းကို များစွာကျေးဇူးတင်မိတယ်။ ပထမဆုံးအလုပ်ဝင်ခဲ့တဲ့အလုပ်က နိုင်ငံတကာအဖွဲ့စည်းတစ်ခု ရဲ့အချိန်ပြည့်ဘာသာပြန် (full time translator) အနေနဲ့ပေါ့။ ပြန်တွေးကြည့်ရင် ကိုယ့်နဲ့မရင်းနှီးတဲ့ စကားလုံး တွေကြား ဘာသာပြန်ရတာ တော်တော်ကို ပင်ပန်းခဲ့ရတယ်ရယ်။ ကိုယ်တိုင် အတွေ့ကြုံမရှိတာကတစ်ကြောင်း အင်္ဂလိပ်လို ပြောနိုင်တယ်ဆိုပေမယ့်တခါတည်းနားထောင် စာစီရင်း တချိန်တည်း ဘာသာပြန်ရတာဟာ တော်တော် ပင်ပန်းစိတ်ဖိစီးရတယ်။ အမှားများလည်း လုပ်ခဲ့မိပေါ့။ ဒါပေမယ့် ကိုယ့်အထက်လူကြီးတွေကော အခြားစီနီယာ ဝန်ထမ်းတွေက လမ်းပြခဲ့ကြတယ်။ ဆူခံထိတဲ့ခါရှိသလို ချီးကျူးခံရတဲ့နေ့များကိုလည်း ချိုမြိန်ပျော်ရွှင်စွာဖြတ်သန်းခဲ့ရတဲ့နေ့များလည်း ရှိပေါ့။ ခုနေပြန်တွေးကြည့်ရင် အဲ့တုန်းက စနစ်တကျအလုပ်လုပ်တတ်အောင် နဲ့ ပြောဆိုဆက်သွယ်တတ်အောင် ဆုံးမခဲ့တာ သင်ပေးခဲ့ (တခါခါတော့ ဆူခံထိ) ...
Image
  ဓာတ်ဆီစော်နံနေတဲ့ ရေသန့်တစ်ခွက် တစ်ခါက အသက်ကြီးပြီဖြစ်တဲ့ အဖိုးတစ်ယောက်က သွားရင်းလာရင်း ရေဆာလာတော့ လူတရုန်းရုန်းဖြစ် နေတဲ့ ဆိုင်တစ်ဆိုင်ထဲဝင်ပြီး ရေတစ်ခွက်တောင်းသောက်လိုက်တယ်။ ဒါနဲ့ဘဲဆိုင်ကလူတစ်ယောက်ကလည်း ဆေးကြောသန့်စင်ပြီး မောက်ထားတဲ့ ခွက်ထဲကို ရေသန့်ဘူးကြီးထဲက သောက်ရေသန့်ကို ထည့်ပြီး ရိုရိုသေသေေ ပေးလိုက်တယ်။ အဖိုးကလည်း ရေဆာနေတော့ တခါတည်း ယူပြီးမော့သောက်လိုက်ရှာတယ်။ ရေနှစ်ငုံလောက်ဘဲမြိုချကာရှိသေးတဲ့ချိန်မှာ သောက်နေရာကနေရပ်ပြီး အဖိုးက “သား မင့်ရေက ဓာတ်ဆီစော်နံနေတယ်”လို့ ပြောလိုက်တယ်။ ပြောပြီးတော့ ရေတအားဆာနေတော့ ၅ ဂလုလောက် ဆက်သောက်ပြီးရေခွက် ကိုပြန်ကမ်းပေးရင်း “သား ရေတော့ ရေသန့်ထင်ပါတယ်။ ခွက်က အနံ့ထွက်တော့ ရေပါဓာတ်ဆီနံ့ထွက်သွားတယ်နဲ့တူတယ်။ဘာဖြစ်ဖြစ်ကျေးဇူးပါကွယ်” လို့ဆိုပြီးခရီးဆက် သွားရှာတယ်တဲ့။ ရေတော့သန့်ပေမယ့် ခွက်က ဓာတ်ဆီနံ့ထွက်နေတော့ ဓာတ်ဆီနံ့ရတဲ့ရေ ဆိုပြီးခေါင်းစဉ်တပ်ခံရတာပေါ့။ ဒီခွက်ထဲ ဖျော်ရည်ထည့်ရင်လည်း ဓာတ်ဆီနံ့ရတဲ့ဖျော်ရည်ပါဆိုပြီး ပြောကြမှာအမှန်ဘဲ။ ဒီခွက်က ဓာတ်ဆီနံ့ရနေတာ မသိတာဘဲထည့်မိတာလား၊ သိသိရက်ထည့်လိုက်တာလား။ ဘယ်လိုဘဲဖြစ်ဖြစ် ဘာဘဲထည့်ထည့် ခွက်ကဓာတ်ဆီနံ့ထွက်နေသရွေ့တ...