အစတွေကိုဘယ်တော့မှမမေ့ဖို့
“အစတွေကို ဘယ်တော့မှ မမေ့ဘူးလို့ကတိပေးပါတယ်” ဆိုတာ ခုတလော အရမ်းခေတ်စားနေတော့ ဒီဟာနဲ့ဆက်စပ်တာလေး အနည်းငယ်မျှဝေချင်တယ်။
အစတွေကို ဘယ်တော့မှ မမေ့ခြင်းဟာ လူနှစ်ယောက် ဆက်ဆံရေးမှ မဟုတ်ဘူး၊ လူတိုင်းဘဝမှာ ရှိကိုရှိရမယ့်အရာလို့ကျွန်မက ယုံကြည်ပါတယ်။ ဉပမာ-ဘာကြောင့် ဒီအလုပ်ကို ရွေးချယ်ပြီး စလုပ်ခဲ့တယ်ဆိုတာမှတ်မိနေမှ ခက်ခဲလည်း ကျော်ဖြတ်ဖို့ရာ အားအင်ရှိမှာဖြစ်သလို၊ ဘယ်လိုစတင် ရုန်းကန် ပြီး ဒီနေရာကိုရောက်လာရတယ်ဆိုတာကို သတိရနေမှ အောင်မြင်လာတဲ့တနေ့မှာ အောက်ခြေမလွှတ်ဘဲ တခြားလူတွေကိုပါ တွဲခေါ်တတ်တဲ့သူဖြစ်လာမှာအမှန်ပါဘဲ။
ကိုယ်တိုင်လည်း ဒီတလော အလုပ်များ၊ ကိုယ်လေ့လာချင်တာလေးပါလေ့လာနေတော့ တော်တော်လေး စိတ်ဖိစီးလာရတယ်။အင်တာနက်ကမရ အွန်လိုင်းသင်တန်းကလည်း တက်ရ၊ အလုပ်ကလည်းတဖက်ဆိုတော့ စိတ်ဖိစီးမှုတရိပ်ရိပ်ပိုတက်လာတယ်လို့ပြောရင်ပိုတိကျမှာပေါ့။ ဒါနဲ့ “ငါဘာကြောင့် ဒီလောက်တောင် ရုန်းကန်ချင်ရတာလည်း” ဆိုတာတွေးတဲ့ချိန်၊ အစ တွေကိုသတိရလာတယ်။ ဒီအလုပ်ကို ဘယ်လို စိတ်သဘောထားနဲ့ ရွေးခဲ့တယ်၊ ဘာကြောင့် ဒီသင်တန်းကို တက်နေရတယ်ဆို တာ ကို သေချာပြန်တွေးခဲ့တယ်။ အစတွေကိုလေ။ ဒီလိုနဲ့ဘဲ အလုပ်ကိုလည်းပိုကောင်းအောင်လုပ်မယ် ဆိုတဲ့ အတွေးဝင်ပြီး ပိုကောင်းအောင်ကြိုးစားလုပ်ဖြစ်တယ်၊ လေ့လာသင်ယူနေတာကို လည်း အခက်ခဲကြား ပိုအားထည့်ပြီး သင်ယူနေတယ်။ ကိုယ့်ကိုကိုယ်လည်း ဘာကြောင့်စခဲ့တယ်ဆိုတာ မမေ့ဖို့ ပြန်သတိပေးရင်း၊ကတိပါထပ်ပေးခဲ့တယ်။(မိမိကိုယ်ပိုင်အတွေ့ကြုံပေါ့)
မိတ်ဆွေတို့ရော ကိုယ့်ရဲ့ အစ/ခရီးအစ တွေကို မှတ်မိသေးရဲ့လား။ ကိုယ်လက်ရှိလျှောက်လမ်းနေတဲ့ဘဝ ပုံစံနဲ့ ကိုယ်စခဲ့တဲ့ ရည်ရွယ်ချက်က လိုက်လျောညီထွေဖြစ်နေရဲ့လား။ အောက်က ကွန်မန့်မှာမျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။
ဘုံသျှီ (လေပြည်)
၂၃-ဒီဇင်ဘာလ-၂၀၂၃

Comments
Post a Comment